လွတ်လပ်အတွေးဆွေးနွေးဖလှယ်

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - အမျိုးသမီးတွေ ဦးဆောင်နိုင်မယ့် အခွင့်အလမ်း - နားဆင်ပါ

ပင်တိုင်ဆွေးနွေးသူများ - နော်လှလှစိုး အမျိုးသား လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး

နော်ခင်ဖြူမြင့် - အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် လုပ်ရှားမှု အဖွဲ့

မြန်မာ နိုင်ငံမှာ နိုင်ငံရေး တိုးတက် ပြောင်းလဲ မှုတွေ ဖြစ်လာ ခဲ့ပြီး အမျိုး သမီး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံကို ဦးဆောင် နေပြီ ဖြစ်ပါ တယ်။

ဒီတော့ မြန်မာ အမျိုး သမီးတွေ အတွက် ဦးဆောင် နိုင်တဲ့ အခွင့် အလမ်းတွေ တကယ်ပဲ ပိုမို ရရှိလာ ပြီလား။ အမျိုး သမီးတွေရဲ့ လုပ်နိုင် စွမ်းနဲ့ အခွင့် အလမ်းတွေ ပိုရဖို့ အစိုးရနဲ့ ပတ်ဝန်းကျင် ကနေ ဘယ်လို အကူ အညီပေး နိုင်မလဲ ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးခဲ့သူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။