ဆရာကြီးဦးတင်မိုးကို ရန်ကုန်မှာ ဂူသွင်း

ကဗျာဆရာကြီးတင်မိုး (ခ) ဦးဘဂျမ်း ရဲ့
ပြီးခဲ့တဲ့ ၁၀ နှစ်က အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့တဲ့ နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုးရဲ့ အရိုးပြာကို ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ဂူသွင်းခဲ့ပါတယ်။
ဆရာကြီး မကွယ်လွန်ခင်က မြန်မာပြည်ကို ပြန်ချင်တဲ့ဆန္ဒအရ အခုအခါ ဆရာကြီးရဲ့ အရိုးပြာကို မိသားစုက ပြန်ယူပြီး ရန်ကုန်မှာ ဂူသွင်းရတာ ဖြစ်တယ်လို့ ဒီအခမ်းအနားကို ကူညီစီစဉ်သူလည်းဖြစ် ဆရာကြီးနဲ့ ပေဖူးလွှာ မဂ္ဂဇင်းမှာ အတူအလုပ်လုပ်ခဲ့တဲ့ ပန်းချီဒီဇိုင်းဆရာ ဦးမြင့်မောင်ကျော်က ပြောပါတယ်။
ဆရာကြီးဦးတင်မိုးရဲ့ ဂူအမိုး စကျင်ကျောက်ပြားအမဲရောင်ပေါ်မှာ ဧည့်သည်ကြီး ကဗျာကို ရေးထိုးထားပြီး ခေါင်းရင်းမှာတော့ ဆရာကြီးရဲ့ ပန်းချီရုပ်ပုံကို သံမဏိပြားပေါ် ထွင်းထုထားပါတယ်။
ဆရာကြီးဦးတင်မိုး (ခ) ဦးဘဂျမ်းရဲ့ ထင်ရှားတဲ့ ဧည့်သည်ကြီး ကဗျာမှာ 'ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကို ပြန်ပို့ကြပါလေ။' လို့ ဆရာကြီးက ရေသားခဲ့ပါတယ်။
ဆရာကြီးဟာ ၈၈ အရေးအခင်းနောက်ပိုင်း NLD မှာ ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေးမှုနဲ့ ငထောင်ချခံရလို့ ထောင်က လွတ်လာပြီးနောက် သမီးတစ်ဦးရှိရာ အမေရိကန်နိုင်ငံကို သွားရောက်နေထိုင်စဉ် ၂၀၀၇ ခုနှစ်က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ရေဝေးမှာ ဂူသွင်းတဲ့ အခန်းအနားကို ဆရာကြီးရဲ့ မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ တက်ရောက်ကြပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ တော်ဝင်နှင်းဆီမှာ ဆရာကြီးကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပဖို့ ရှိပါတယ်။