ဂွမ်တာနာမို အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ စီစဉ်

ဂွမ်တာနာမို အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ စီစဉ်

သမ္မတအိုဘားမားဟာ ရာထူးက မဆင်းခင်၂ ပတ်အလိုမှာ ကျူးဘားမှာရှိတဲ့ ဂွမ်တာနာမို အကျဉ်းစခန်းက အကျဉ်းသားတွေကို ထပ်ပြီး လွှတ်ပေးဖို့ စီစဉ်နေပါတယ်။

သမ္မတအိုဘားမားက သူသမ္မတအဖြစ်တာဝန်ယူတဲ့အချိန်က ဂွမ်တာနာမို အကျဉ်းစခန်းပိတ်ဖို့ ကတိပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်တက်မယ့် သမ္မတသစ် ဒေါ်နယ်ထရမ့်ကတော့ ဒီအကျဉ်းသားတွေဟာ အန္တရာယ် ရှိတဲ့လူတွေဖြစ်ပြီး မလွှတ်ပေးသင့်ဘူးလို့ သူ့ရဲ့ တွစ်တာမှာ တင်ခဲ့ပါတယ်။

ဂွမ်တာနာမို အကျဉ်းစခန်းရဲ့ အနာဂတ်က ဘယ်လိုဖြစ်မလဲ။ အကျဉ်းစခန်းဖွင့်စက ပထမဆုံးသွားခွင့်ရခဲ့တဲ့ ဘီဘီစီက အခု ၁၅ နှစ်အကြာမှာ တခါထပ်ရောက်ခဲ့ပါတယ်။ ဦးဘမော်က ပြောပြထားပါတယ်။