ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ လူစာရင်းကို ဆီးနိတ် လွှတ်တော်က ကြားနာ အတည်ပြုဖို့ ရှိ

နောက်တက်မယ့် အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့အစိုးရအဖွဲ့ထဲမှာ ပါဝင်မယ့် လူစာရင်း ကို အမေရိကန် ဆီးနိတ် လွှတ်တော်က ဒီကနေ့ ကြားနာ အတည်ပြုဖို့ ရှိပါတယ်။

မစ္စတာထရမ့်ဟာ မနေ့က သမက်ဖြစ်သူJared Kushnerကို အိမ်ဖြူတော်ရဲ့ အကြီးတန်း အကြံပေး အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒီမိုကရက်ပါတီကတော့ ဒါဟာ ဆွေမျိုးသားချင်းကို အဆင့်မြင့် ရာထူးကြီးနေရာ တွေ မှာခန့်အပ်ခြင်း ကို ကာကွယ်တဲ့ ဥပဒေနဲ့ ငြိစွန်းနေ တယ် လို့ ပြောပါတယ်။

ကိုအောင်သွင်ကပြောပြထားပါတယ်။