ဆိုက်ပရပ်စ် ပေါင်းစည်းဖို့ နီးစပ်ပြီလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆိုက်ပရပ်စ် ပေါင်းစည်းဖို့ နီးစပ်ပြီလား

နှစ်ခြမ်းကွဲနေတဲ့ ဆိုက်ပရပ်စ်ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးပွဲကို ဂျီနီဗာ ကုလသမဂ္ဂရုံးမှာ ကျင်းပခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ကျော်ကြာ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို အခုအခါမှာတော့ ဂရိနဲ့၊ တူရကီ နှစ်ဖက်ခေါင်းဆောင် တွေ တက်ရောက်ခဲ့ကြလို့ အောင်မြင်ဖို့နီးစပ်လာပြီလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ မရီရီအောင်က ပြောပြထားပါတယ်။