လွတ်လပ်အတွေးဆွေးနွေးဖလှယ်
နားဆင်နိုင်ပါပြီ။
ရန်ကုန် ဘတ်စကား စနစ် ကောင်းမွန်ဖို့ အတွက် ရည်ရွယ်ပြီး အရင် မထသ စနစ်ကို ဖျက်သိမ်းကာ သမိုင်းဝင် Yangon Bus Service YBS စနစ်နဲ့ အစားထိုးပြီး ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင် ပြေးဆွဲခဲ့ ပါတယ်။
ဒါပေမယ့် လည်း ဒီစနစ် အစမှာ ခရီးသည်တွေ၊ ယာဉ်နဲ့ ပတ်သက်တဲ့ သူတွေ ဘက်က အခက် အခဲတွေ အများကြီး ဖြစ်ခဲ့ ပါတယ်။
အခုလို အပြောင်းအလဲ တခုကို ဆောင်ရွက်ဖို့ အတွက် ကြိုတင် ပြင်ဆင်မှုတွေ ဘာကြောင့် အားနည်းခဲ့ ရတာပါလဲ ဆိုတာ သောတရှင် တို့ ကိုယ်တိုင် ဆွေးနွေးခဲ့ကြတာပါ။
လူအများနဲ့ ဆိုင်တဲ့ ဒီလို စီမံကိန်းကြီးတွေ လုပ်တဲ့ အခါ အဆင်ပြေချောမွေစေဖို့ အခုဖြစ်ရပ် ကနေ အစိုးရ အနေနဲ့ ဘယ်လို သင်ခန်းစာ ယူသင့် တယ်လို့ ထင်ပါသလဲ ဆိုတာလည်း ဆွေးနွေးခဲ့ပါတယ်။
ပင်တိုင်ဆွေးနွေးသူတွေကတော့ YRTA ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးသန်းဝင်း၊ ပုဇွန်တောင်မြို့နယ် လွှတ်တော် အမတ် ဦးတင့်လွင် နဲ့ လန်ဒန်က ဘတ်စကား ဒရိုင်ဘာ မခင်အေးမင်း တို့ဖြစ်ကြပါတယ်။