ကွေဘက် ဗလီ ပစ်ခတ်မှု ၆ ယောက် သေဆုံး

ကွေဘက် ဗလီ ပစ်ခတ်မှု ၆ ယောက် သေဆုံး

ကွေဘက်မြို့မှာ ရှိတဲ့ အစ္စလာမ် ဘာသာရေး ဗလီ ဝတ်ကျောင်း တစ်လုံးမှာ ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ အတွက် လူ ၆ ယောက် သေဆုံး သွားပြီး ၈ ယောက် ဒဏ်ရာ ရ သွားပါတယ်။

ကျူးလွန်သူလို့ သံသယ ရှိရသူ တစ်ဦးကို အခင်းဖြစ်ရာ နေရာ မှာ ဖမ်းဆီး မိခဲ့သလို၊ နောက်တစ်ယောက် ကိုလည်း အနီးနား နေရာ တစ်ခုမှာ ဖမ်းဆီး နိုင်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှုကို အကြမ်းဖက် ဝါဒ အခြေခံ လုပ်ရပ် အဖြစ် ကနေဒါ အာဏာပိုင် တွေက သဘောထား ကိုင်တွယ် နေပါတယ်။

အပြည့်အစုံကို ကိုရင်မောင် ပြောပြမှာပါ။