ချင်ပန်ဇီအပါအဝင် မျောက်မျိုးနွယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မျောက်မျိုးနွယ် ၆၀ ရာနှုန်း မျိုးတုန်းမယ့် အန္တရာယ်ရှိ

ကမ္ဘာတဝှမ်းက သားရိုင်းတိရစ္ဆာန် ရောင်းဝယ်သူတွေဟာ ချင်ပန်ဇီမျောက်ဝံပေါက် ကလေးတွေ ကို ရောင်းချနေကြ တာကို ဘီဘီစီက ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒီချင်ပန်ဇီလေးတွေကို မြောက်အာဖရိကတိုက်ကနေ ခိုးထုတ်ပြီး ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ တရုတ်တို့မှာ အိမ်မွေး တိရစ္ဆာန်အဖြစ်ရောင်းချကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်အတွင်း ချင်ပန်ဇီ ၄၀၀ လောက် ရောင်းချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ခိုးထုတ်ရောင်းချနေရာမှာ လည်း ချင်ပန်ဇီပေါက် ကလေးတွေကိုသာ ရောင်းချကြတာဖြစ်ပြီး ချင်ပန်ဇီပေါက်ကလေး တကောင် ရဖို့ အတွက် အရွယ်ရောက်ပြီး ချင်ပန်ဇီ၁၀ကောင်လောက် အသတ်ခံရပါတယ်။

ချင်ပန်ဇီ အပါအဝင် မျောက်မျိုးနွယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ မျိုးတုန်းပျောက်ကွယ် မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရ တယ်လို့ သိပ္ပံပညာရှင်တွေ က ပြောပါတယ်။ ဘီဘီစီရဲ့အိုင်ဗရီကို့စ်က လျှို့ဝှက်ရယူခဲ့တဲ့ သတင်းကို ရှုစားရအောင်ပါ။

ကိုအောင်သွင်က ပြောပြမှာပါ။