လွတ်လပ်အတွေးဆွေးနွေးဖလှယ်

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ဦးကိုနီ လုပ်ကြံခံရမှု သတင်းထုတ်ပြန်တာ ဘာကြောင့် ကြန့်ကြာလဲ - ဆွေးနွေးခဲ့။

ပင်တိုင် ဆွေးနွေးသူ - ပြန်ကြားရေး ပြောခွင့်ရ ဦးရဲနိုင် - Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း....

NLD ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတာ သီတင်း ၂ပတ် ထဲ ရောက်လာပြီ ဖြစ်ပေမယ့် အစိုးရက လုံလောက်တဲ့ သတင်း ထုတ်ပြန်မှုတွေ မရှိတာကြောင့် လူမှုကွန်ရက် တွေပေါ်မှာ ထင်ကြေးပေးပြော ဆိုမှုတွေ၊ ကောလာဟလ တွေ များလာ နေပါတယ်။

အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်မှု ဘာကြောင့် နောင့်နှေး ကြန့်ကြာ နေရတာ ပါလဲ။ အများပြည်သူရဲ့ သိပိုင်ခွင့်ကို ဘယ်လောက် အလေးထားပြီး လူတွေ သိချင်နေတဲ့ အချက်တွေကို ဘယ်လောက်ထိ ထုတ်ပြ န်ပေးသင့်ပါ သလဲ ဆိုတာတွေ ကို သောတရှင်တို့ ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

ဝင်ရောက် ဆွေးနွေးသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။