ကိုလံဘီယာ ငြိမ်းချမ်းပြီးနောက် ကလေးမွေးနှုန်းမြင့်
ကိုလံဘီယာ ငြိမ်းချမ်းပြီးနောက် ကလေးမွေးနှုန်းမြင့်
ကိုလံဘီယာ နိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အစိုးရနဲ့ ဖာ့ သူပုန်အဖွဲ့အကြား ငြိမ်းချမ်းရေး သဘောတူညီချက် အသက် ဝင်လာ ခဲ့တဲ့ နောက်ပိုင်း ဖာ့သူပုန်အဖွဲ့က အမျိုးသမီး တွေ အကြား ကလေး မွေးဖွားနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
နှစ်ပေါင်း ၅၀ ကြာ ပြည်တွင်းစစ်ကာလအတွင်းမှာ အဖွဲ့ဝင် အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ခွင့် ပိတ်ထားခဲ့ပြီး တချို့ဆို အတင်း အကျပ် ဖျက်ချ ခိုင်းခံခဲ့ရ တာတွေ ရှိခဲ့ဖူးပါတယ်။
အခုတော့ ငြိမ်းချမ်းရေး ရခဲ့ပြီ ဖြစ်လို့ အဖွဲ့က အမျိုးသမီးတွေဟာ လက်နက်တွေကို စွန့်ပြီး မိသားစု ဘဝကို စတင် နေကြပြီ ဖြစ်ပါတယ်။ သူတို့ ဘာတွေ ပြောပြ ထားသလဲ ဆိုတာ ရှုစားရအောင်ပါ။