ငြိမ်းချမ်းရေး နဲ့ အမျိုးသမီး ပါဝင်ခွင့်
ငြိမ်းချမ်းရေး နဲ့ အမျိုးသမီး ပါဝင်ခွင့်
လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်ရေး ဆိုပြီး လှုပ်ရှားနေပေမယ့် ၅၀ ရာခိုင်နှုန်း ထိ ပါဝင်စေလိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီတော့ အမျိုးသမီးတွေ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တကယ်တမ်း ပါ၀င်ဖို့ ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါလဲ ။ ကျားမ တန်းတူ ညီမျှရေး ကွန်ရက်က ဒါရိုက်တာ တယောက်လည်းဖြစ် ၊ ငြိမ်းချမ်းရေးအတွက် ကျားမ တန်းတူ ညီမျှရေး မဟာမိတ် ဦးဆောင် ကော်မတီ၀င်လည်းဖြစ်တဲ့ ဒေါ်မေစံပယ်ဖြူ ကို မစန္ဒာ၀င်းက မေးမြန်းထားပါတယ်။