၂၀၁၇ မှာလည်း ရွှေ့ပြောင်း ဝင်ရောက်သူ စံချိန်တင်များပြား
၂၀၁၇ မှာလည်း ရွှေ့ပြောင်း ဝင်ရောက်သူ စံချိန်တင်များပြား
ဒီနှစ်အတွင်း မြောက်အာဖရိကနိုင်ငံတွေကနေ ဥရောပကို ဝင်လာဖို့ ကြိုးစားတဲ့ လူအရေအတွက်ဟာ အခုကတည်းက စံချိန်တင်များပြားနေပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတင် ၇၀၀၀ ခုနှစ်ထောင်ကျော် ရှိပါတယ်။ အနည်းဆုံး လူ ၂၀၀ လောက် ရေနစ်သေဆုံးခဲ့ဖွယ်ရှိတယ်လို့ အီတလီ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ အများစုဟာ လစ်ဗျားကနေ ဥရောပမှာ ဘ၀သစ်စဖို့ လာခဲ့ကြတာပါ။ ဘီဘီစီ သတင်းထောက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကယ်ဆယ်ရေးသင်္ဘောတစင်းနဲ့ လိုက်ပါ သတင်းယူခဲ့ပါတယ်။ မရီရီအောင် ပြောပြထားပါတယ်။