ကုလသမဂ္ဂက ထိုင်းနိုင်ငံရဲ့ ထီးနန်းကို စော်ကားသူတွေကို အရေးယူတဲ့ ဥပဒေကို ပြင်ဆင် မှုတွေ လုပ်ဖို့ အတွက် တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးက ထိုင်းမှာ ထီးနန်း စော်ကားသူတွေကို အရေးယူမှုတွေနဲ့ ပတ်သက်လို့ တော်တော် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ်က ထိုင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ထီးနန်းကို စော်ကားလို့ အရေးယူ ခံရသူ အရေအတွက်ဟာလည်း အဲဒီ မတိုင်ခင် ၁၂ နှစ်အတွင်း အရေးယူ ခံရသူ အရေအတွက်ထက် ၂ ဆ မက များလာတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။ အဲဒီထဲက ၄ ရာခိုင်နှုန်းသာ လွတ်မြောက်ခဲ့ကြပါတယ်။ အဲဒီအတွက် ရုံးတင်စစ်ဆေးရာမှာလည်း တခါးပိတ် စစ်ဆေးတာတွေရှိသလို တချို့ကို စစ်ခုံရုံးတင် စစ်ဆေးရာမှာ တရားခံရဲ့ အခွင့်အရေးတချို့ကို ကန့်သတ် ထားတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။ ဒီလ အစောပိုင်းမှာလည်း ဖေ့စ်ဘုတ်ခ်မှာ ထီးနန်းကို စော်ကားခဲ့သူ အမျိုးသား တဦးကို ၃၅ နှစ် ပြစ်ဒဏ်ပေးခဲ့ပြီး ဒါဟာ ဒီလို ပြစ်ဒဏ်တွေထဲမှာ အပြင်းထန်ဆုံးလည်း ဖြစ်ပါတယ်။ ဘီဘီစီရဲ့အရှေ့တောင် အာရှ ဆိုင်ရာ သတင်းထောက် ဂျွန်နသန် ဟက်ဒ်က လွန်ခဲ့တဲ့ ၂ နှစ်က အပြစ်ပေးခံခဲ့ရတဲ့ ချင်းမိုင်မြို့က အမျိုးသီး တယောက်ရဲ့ အကြောင်းကို အခုလို ပြောပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်း ထီးနန်းကို စော်ကားမှု ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ ကုလတိုက်တွန်း
- 19 ဇွန် 2017
- ဒီစာမျက်နှာ Facebook
- ဒီစာမျက်နှာ Messenger
- ဒီစာမျက်နှာ Twitter
- ဒီစာမျက်နှာ အီးမေးလ်
- ဒီစာမျက်နှာ Facebook
- ဒီစာမျက်နှာ WhatsApp
- ဒီစာမျက်နှာ Messenger
- ဒီစာမျက်နှာ Twitter
-
ဝေမျှပါ
ဒီစာမျက်နှာ
ဤပြင်ပလင့်များသည် စာမျက်နှာအသစ်တစ်ခုဖြင့် ပွင့်ပါမည်။-
အီးမေးလ်
ဒီစာမျက်နှာ အီးမေးလ် -
Twitter
ဒီစာမျက်နှာ Twitter -
Facebook
ဒီစာမျက်နှာ Facebook -
Messenger
ဒီစာမျက်နှာ Messenger -
Messenger
ဒီစာမျက်နှာ Messenger -
WhatsApp
ဒီစာမျက်နှာ WhatsApp
ဒီလင့်ကို ကူးယူပါ
ဝေမျှခြင်းအကြောင်းဤပြင်ပလင့်များသည် စာမျက်နှာအသစ်တစ်ခုဖြင့် ပွင့်ပါမည်။
-
ထိပ်တန်းသတင်းများ
ဗီဒီယို
ဗီဒီယို
ဗီဒီယို