ဆော်ဒီ အိမ်ရှေ့စံသစ် ပေါ်လာပြီ
ဆော်ဒီ အိမ်ရှေ့စံသစ် ပေါ်လာပြီ
ဆော်ဒီအာရေဗျမှာ ဘုရင် ဆာလ်မန်က သူ့သား မိုဟာမက်ဘင် ဆာလ်မန်ကို အိမ်ရှေ့အရာ အပ်နှင်းလိုက်ပါတယ်။
အရင် အိမ်ရှေ့စံ တူတော် ရဲ့ နေရာမှာ သားတော်ကို နန်းလျာ အဖြစ် အစားထိုး လိုက်တာပါ။
အသက် ၃၁ နှစ်သာ ရှိသေးတဲ့ အခု အိမ်ရှေ့ မင်းသားဟာ တိုင်းပြည် စီးပွားရေးနဲ့ ပတ်သက်လို့ ပြုပြင် ပြောင်းလဲမှုတွေကို ဦးဆောင် နေသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆော်ဒီအာရေဗျ ပါဝင်ပတ်သက်နေတဲ အိမ်နီးချင်း ယီမင်က စစ်ပွဲတွေကိုလည်း ကြီးကြပ် နေခဲ့သူ ဖြစ်ပါတယ်။
ကိုရင်မောင်က ပြောပြ ထားပါတယ်။