ရက်ကာမြို့ဟောင်းနား ညွှန့်ပေါင်းတပ်တွေ ကပ်လာ
ရက်ကာမြို့ဟောင်းနား ညွှန့်ပေါင်းတပ်တွေ ကပ်လာ
ဆီးရီးယား နိုင်ငံက ရက်ကာ မြို့ကို အစ္စလာမ်မစ်နိုင်ငံ လက်က ပြန်ရဖို့ တိုက်ခိုက်နေတဲ့အမေရိကန်က ထောက်ပံ့ပေးထားတဲ့တပ်ဖွဲ့တွေဟာ အခုဆိုမြို့ဟောင်း နဲ့ မီတာ ရာဂဏန်း အကွာလောက်အထိ တက်လာနိုင်ပြီဖြစ်ပါတယ်။ ရက်ကာကို အိုင်အက်စ်တွေရဲ့မြို့တော်လို့တောင် ခေါ်ခဲ့ကြတာဖြစ်ပြီး မကြာခင် ရက်ပိုင်းတွေအတွင်းမှာ တိုက်ပွဲအရှိန်တွေပိုမြင့်လာခဲ့ပါတယ်။
ဘီဘီစီက ဂေဘရီယဲလ် ဂိတ်ဟောက်စ်နဲ့ ကင်မရာဆရာ ဖရက်ဒ် စကော့တ်တို့က ရှေ့တန်း တနေရာကနေ အခုလို သတင်းပေးပို့ထားပါတယ်။ သူတို့သတင်းကို ဦးဘမော်က ပြန်ပြောပြမှာပါ။