ရဟန်းအမတ် တရားစွဲဆိုခံရ
ရဟန်းအမတ် တရားစွဲဆိုခံရ
ရိုမန် ကက်သလစ် သာသနာရဲ့ အဆင့်မြင့်ဆုံး ဘာသာရေး ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်သူ ကာဒီနယ် ရဟန်းအမတ် George Pell ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်နဲ့ သူ့ဇာတိ သြစတြေးလျနိုင်ငံမှာ တရားစွဲဆိုခံရပါတယ်။ ရဟန်းအမတ် George Pell ကတော့ စွပ်စွဲချက်တွေအပေါ် ငြင်းဆိုထားပါတယ်။ သူ့ကို သိက္ခာ ကျအောင် အဆက်မပြတ် လုပ်ဆောင်တာ ခံနေရတာသာ ဖြစ်တယ်လို့ ကာဒီနယ် ပဲလ်က ပြောပါတယ်။ သူဟာ ဗာတီကန်မှာ တတိယအဆင့်မြင့်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ဒီအကြောင်း ကိုကျော်ဇေယျက ဆက်ပြောပြမှာပါ။