အာဖဂန် လေတပ်ကို အမေရိကန် လေ့ကျင့်
အာဖဂန် လေတပ်ကို အမေရိကန် လေ့ကျင့်
အာဖဂန်နစ္စတန်မှာ တာလီဘန်ရဲ့ တိုက်ခိုက်မှုတွေ ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် ကြုံတွေ့ ခဲ့ရပါတယ်။ တနင်္ဂနွေနေ့က ဂေါ်ပြည်နယ်အတွင်းက ဆေးရုံတခုမှာ တိုက်ခိုက်ခံရလို့ ဆရာဝန်နဲ့ လူနာပေါင်း ၃၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
တခါ ကာဘူးလ်မြို့တော်မှာလည်း ကားဗုံးခွဲ တိုက်ခိုက်ခဲ့တယ်လို့ တာလီဘန်က ပြောပါတယ်။ အစိုးရ ရုံးက ဘတ်စ်ကားကို ပစ်မှတ်ထားအသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် အစိုးရ ဝန်ထမ်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး လူ ၃၀ လောက် ဒဏ်ရာ ရခဲ့ကြပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ တိုးလာနေချိန်မှာ အမေရိကန် ကလည်း အဲဒီက သူတို့ တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်သင့်သလား ဆိုတာကို သုံးသပ်နေပါတယ်။ ဒါပေမယ့် လည်းဒီအစီအစဉ်တွေဟာ နှောင်းနှေးမှုတွေလည်း ကြုံနေရပါတယ်။ ကိုအောင်သွင်က ဆက်ပြောပြမှာပါ။