စပိန်မှာ ၂၄ နာရီအတွင်း အကြမ်းဖက်မှု ၂ ကြိမ်ဖြစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စပိန်မှာ ၂၄ နာရီအတွင်း အကြမ်းဖက်မှု ၂ ကြိမ်ဖြစ်

စပိန်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ၂၄ နာရီအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့တဲ့နောက် ရဲတွေက စုံစမ်းစစ်ဆေးမှုတွေအပြင်းအထန်လုပ်နေကြပါတယ်။

ဘာစီလိုနာမြို့က လူစည်ကားတဲ့ နာမည်ကျော် လာရမ်ဘလာစ်မှာ လူတွေကို ဗန်ကား တစင်းနဲ့ ဝင်တိုက်ခဲ့ရာမှာ ၁၃ ဦးသေဆုံးခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှု ဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ကမ်ဘရေးလ်စ်က အပမ်းဖြေစခန်းမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ လူ ၅ ဦးပါလာတဲ့ကားက လမ်းဘေးက လူတွေကို ဝင်တိုက်ပစ်ခဲ့ရာမှာ ၁ ဦးသေဆုံးသွားခဲ့ပါတယ်။ အဲဒီ ကားနဲ့တိုက်သူတွေဟာ အသေခံ ဗုံးခွဲ အင်္ကျီတွေကို ဝတ်ထားကြပြီး အတုတွေ မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။ အဲဒါကြောင့်လည်း ရဲက သူတို့ကို ပစ်သတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း အာလ်ကန်နာမှာ ပေါက်ကွဲမှု တွေ ဖြစ်ပွားခဲ့ပြီး ရဲကတော့ အဲဒီ လူတွေဟာ ဗုံးစမ်းသပ်နေတုန်း ပေါက်ကွဲသွားခဲ့တာဖြစ်မယ်လို့ ယူဆထားပါတယ်။

ဒီနေ့တော့ ဘုရင်မင်းမြတ် ဖလိပေ နဲ့ ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်းလ် တို့ကဦးဆောင် ခဲ့ကြပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် တမိနစ် ငြိမ်သက်ခြင်းတွေကိုကျင်းပခဲ့ကြပါတယ်။ အခမ်းအနားကိုတက်ရောက်လာတဲ့လူတွေကလည်း ငါတို့ မကြောက်ဘူးကွလို့ ဟစ်ကြွေးခဲ့ကြပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။