ဩစတီးယားကို ရွှေ့ပြောင်းသူတွေ ခိုးဝင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဩစတီးယားကို ရွှေ့ပြောင်းသူတွေ ခိုးဝင်

ဩစတီးယားက အီတလီက လာတဲ့ ကုန်ရထားတွေကို ရှောင်တခင် စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဘရန်နာ ပါ့စ် နယ်စပ်မှာ ရဲတွေကို ကူဖို့ စစ်သား ၇၀ တောင် ချထားပေးပြီး ဖြစ်ပါတယ်။ ရဲက ဝင်လာတဲ့ ရွှေ့ပြောင်းသူတွေ အရေအတွက် အားဖြင့် များမလာပေမယ့် ဩစတီးယားနဲ့ ဂျာမနီ ဘက်ကို လာကြတဲ့ ရထားတွဲအောက်က ခိုးလိုက်လာသူကတော့ များလာနေတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ အတွင်းမှာတင် လူပေါင်း ၉၀ လောက်ကို ရထားအောက်က ဖမ်းမိခဲ့ပြီးပါပြီ။

နောက်ပြီးအီတလီနဲ့ ဂျာမနီတို့ မှာလည်း ဖမ်းမိတာတွေ ရှိပါတယ်။

ကိုကျော်ဇေယျက ပြောပြမှာပါ။