ကင်ညာ ရွေးကောက်ပ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကင်ညာ ရွေးကောက်ပွဲနဲ့ အစာရေစာရှားပါးမှု

ကင်ညာရဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ အထိ ၅ နှစ်ဆက်အရှိန်အဟုန်နဲ့ တိုးတက် နေပါတယ်။ ဒါပေမယ့် ကင်ညာ ပြည်သူ တော်တော်များများက ဒါတွေကို သိပ်မခံစားမိကြပါဘူး။ ဒီနှစ်တော့ မိုးခေါင်ပြီး အစာရေစာရှားပါးသလို ကုန်စျေးနှုန်းတွေကလည်း တက်လာနေပါတယ်။

မကြာခင် ရက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲကလည်း ကျင်းပတော့မှာဖြစ်ပါတယ်။ ကင်ညာပြည်သူတွေကတော့ အတိတ်က အောင်မြင်မှုတွေထက် လက်ရှိအခက်အခဲတွေကိုပဲ အလေးပေး စဉ်းစား နေကြပါတယ်။

ကိုမင်းထက်က ပြောပြမှာပါ။