ရခိုင်ပဋိပက္ခတွင်းက သတင်းပေးပို့ချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရခိုင်ပဋိပက္ခတွင်းက သတင်းပေးပို့ချက်

ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ လုပ်နေသူ ဇိတ်ဒ်ရာအက်ဒ်အလ်ဟူဆိန်က မြန်မာပြည်တွင်းမှာ မွတ်စလင်တွေကို တိုက်ခိုက်နေတာဟာ လူမျိုးတုံးရှင်းလင်းမှု လုပ်နေတာဆိုပြီး ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့ဘက်ကို လူတွေ သိန်းချီ ရောက်လာလို့ နေစရာစားစရာ ပေးဖို့တောင် တကယ့် စိန်ခေါ်မှုကြီးဖြစ်လာနေပြီလို့ ပြောနေပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သတင်းယူဖို့ရောက်ရှိခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်က သူတွေ့ကြုံခဲ့တာတွေကို အခုလို တင်ပြထားပါတယ်။