သံအမတ်ကြီး ဦးထင်လင်းရဲ့ တုံ့ပြန်ရှင်းလင်းချက်
သံအမတ်ကြီး ဦးထင်လင်းရဲ့ တုံ့ပြန်ရှင်းလင်းချက်
ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာ မဟုတ်ဘဲ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးထင်လင်းက ရခိုင်အရေးနဲ့ပတ်သက်ပြီး လူမျိုးရေးရှင်းလင်းမှုရှိတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဂျနီဗာအစည်းအဝေးမှာ စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့ပါတယ်။
ဒုက္ခသည်တွေအဖြစ် ဘာကြောင့် ထွက်ပြေးကြတယ်ဆိုတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီးလည်း ဦးထင်လင်းက ပြောကြားခဲ့ပါတယ်။