ရခိုင်အရေးအပေါ် ၈၈ မျိုးဆက်က ဦးမင်းကိုနိုင်ရဲ့ အမြင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရခိုင်အရေးအပေါ် ၈၈ မျိုးဆက်က ဦးမင်းကိုနိုင်ရဲ့ အမြင်

အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင်တချို့ဟာ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းထိ သွားပြီး ကူညီကယ်ဆယ်ရေးတွေလည်း လုပ်ခဲ့ပါတယ်။

အစိုးရရဲ့ ရခိုင်အရေး ဖြေရှင်းမှုတွေကို ထောက်ခံကြောင်းနဲ့ အစိုးရနဲ့ တသားတည်းရပ်တည်သွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က သူ့ရဲ့အမြင်ကို ပြောထားတာကိုလည်း ရှုစားနိုင်ပါတယ်။