လုံခြုံရေးများတဲ့ ရှေးဟောင်းမြို့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လုံခြုံရေးများတဲ့ ရှေးဟောင်းမြို့

အနောက်အာဖရိကက နိုင်ငံ ၅ နိုင်ငံမှာ အကြမ်းဖက်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာတပ်ဖွဲ့တစ်ခု ထပ်မံ ချထားလိုက်ပါပြီ။ ဒါပေမယ့် ဒီဒေသမှာ ကုလသမဂ္ဂနဲ့ ပြင်သစ်က တပ်သား တစ်သောင်း ခုနှစ်ထောင် ချထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် တပ်ဖွဲ့မျိုးစုံက ခြေချင်းလိမ်နေပြီး ပြွပ်သိပ်နေပြီလို့ ဆိုကြပါတယ်။ နောက်ပြီး ဒီဒေသရဲ့ လုံခြုံရေးပြဿနာကို ဖြေရှင်းရာမှာ အလုပ်အကိုင်ရှာဖွေရေးပြဿနာကိုပါ ကိုင်တွယ် ဖြေရှင်းသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ထွက်ပေါ်လာပါတယ်။ မာလီနိုင်ငံက အခြေအနေကို ကိုမင်းထက်က ဆက်ပြောပြမှာပါ။