တရုတ်ကျောင်းသားတွေ သြစတြေးလျဝိုင်ကို လေ့လာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်ကျောင်းသားတွေ သြစတြေးလျဝိုင်ကို လေ့လာ

သြစတြေးလျှနိုင်ငံက ဝိုင်လုပ်ငန်း ဘာကြောင့် အောင်မြင်နေလဲဆိုတဲ့အပေါ် တရုတ်ကျောင်းသားတွေ လေ့လာတာ ပိုများလာပါတယ်။ တစ်ဘက်မှာလည်း တရုတ်ပြည်တွင်းက ဝိုင်စျေးကွက်က တိုးတက်ကျယ်ပြန့်လာနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ပဉ္စမအကြီးဆုံး ဝိုင်ထုတ်လုပ်သူ သြစတြေးလျရဲ့နေရာကို လက်ရှိနံပါတ် ၆ နေရာက တရုတ်က နေရာဝင်ယူလာဖို့ ရှိနေပါတယ်။ တရုတ်ဝိုင်က ကမ္ဘာ့စျေးကွက်ထိ ကျယ်ပြန့်လာဖို့ရော ရှိလာနေပါပြီလား။ ကိုဇေယျာက ပြောပြထားပါတယ်။