မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု တရုတ် ကန့်ကွက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှု တရုတ် ကန့်ကွက်

မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို တရုတ်နဲ့ ရုရှားက ကန့်ကွက် လိုက်ပါတယ်။

ဒါပေမယ့် တရုတ်က မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ တရုတ်ဟာ အဓိက ကျတဲ့အခန်းကဏ္ဍမှာ မရှိတဲ့ အကြောင်း ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ရက်စ်တေလာဆင်ကတရုတ်နဲ့ ရုရှားတို့ကို မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တိုက်ရိုက် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းထားတဲ့ နောက်မှာ အခုလို ပြောကြားလာတာလည်း ဖြစ်ပါတယ်။

အဲဒီ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ဂျပန်ပေါ်က ဖြတ်သန်းသွားခဲ့တာဖြစ်လို့ အဲဒီမှာ လေကြောင်းရန်အချက်ပေး စနစ်တွေက သတိပေးချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားဘက်ကလည်း သူတို့ရဲ့ ဒုံးကျည်တွေကို ချက်ခြင်း ပစ်လွှတ်ပြီး တုန့်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒီနေ့ အနှောင်းပိုင်း တွေ့ဆုံကြဖို့ရှိပါတယ်။

ကိုမိုးမြင့်က ပြောပြမှာပါ။