shweman
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရခိုင် အရေး သူရဦးရွှေမန်းနဲ့ မေးမြန်းခန်း

ရခိုင် ပြည်နယ်က ပဋိပက္ခ ဟာ ARSA အကြမ်းဖက်သမားတွေက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အရပ်သား မွတ်ဆလင် တွေနဲ့ ဒေသခံ တိုင်းရင်းသား တွေက သားကောင်ဖြစ်ရတယ်လို့ ပြည်ထောင်စု လွှတ်တော်က ဥပဒေ ရေးရာနဲ့ အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောပါတယ်။

၁၉ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ လည်း နိုင်ငံ့ အခြေပြု မိန့်ခွန်း ပြောကြားဖို့ ရှိနေပါတယ်။

နိုင်ငံတကာရဲ့ ဖိအားတွေ ကိုရင်ဆိုင်နေရတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လို သဘောထား ရှိပါလဲ။ သူရ ဦးရွှေမန်း ကို ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုစောရန်နိုင်က တွေ့ဆုံ မေးမြန်း ထားပါတယ်။