ထရမ့်ကို စိန်မမှန်သူလို့ ကင်မ်ဂျုံ အွမ်းက ခေါ်ဆို

ထရမ့်ကို စိန်မမှန်သူလို့ ကင်မ်ဂျုံ အွမ်းက ခေါ်ဆို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သူ့တိုင်းပြည်ကို ချေမှုန်းပစ်မယ် လို့ပြောလာတဲ့ အမေရိကန် သမ္မတ ထရမ့် ဟာ ဒီစကားအတွက် ကြီးကြီးမားမား ပေးဆပ် ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

သမ္မတ ထရမ့်ဟာ စိတ်မမှန်တဲ့ လူဆိုးတယောက်ဖြစ်တယ်၊ အမေရိကန်ကို မီးနဲ့ပြ ယဉ်ပါးအောင် လုပ်မယ်လို့ မစ္စတာ ကင်မ်က ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကလည်း မကြာခင် အရင်ကထက် ကြီးမားတဲ့ နျူကလီယား စမ်းသပ်မှုတွေလုပ်ဖို့ ပြင်ထားတယ် ဆိုပြီး ပြောပါတယ်။