သေနတ်သမား တိုက်ခိုက်ရတဲ့ အကြောင်းခံကို အမေရိကန်ရဲတွေ စုံစမ်းဆဲ

သေနတ်သမား တိုက်ခိုက်ရတဲ့ အကြောင်းခံကို အမေရိကန်ရဲတွေ စုံစမ်းဆဲ

ပြီးခဲ့တဲ့ တနင်္ဂနွေညတုန်းက လူပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ရတဲ့ လာ့စ် ဗေးဂတ်စ်မြို့ သေနတ်ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမားရဲ့ ကြံရွယ်ချက်နဲ့ နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိနေလဲ ဆိုတာကို အမေရိကန် စုံစမ်းရေး အရာရှိတွေ ကြိုးစား ဖော်ထုတ် နေပါတယ်။

ဒီပစ်ခတ်မှုကြောင့် လူ ၅၉ ဦး သေဆုံး ခဲ့ရပြီး လူ ၅ဝဝ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

လောလောဆယ် အချိန်ထိတော့ ဒီပစ်ခတ်မှုဟာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ကြောင်း မတွေ့ရသေးပါဘူး။

တိုက်ခိုက်မှုဖြစ်ကြောင်း ရဲဆီကို အရေးပေါ် အကြောင်းကြားပြီးနောက် တစ်နာရီကြာမှ သေနတ်သမား စတီဖင် ပက်ဒေါ့ခ်ရဲ့ ဟိုတယ်ခန်းထဲကို လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။

ရဲကို အရေးပေါ် အကြောင်းကြားပြီးနောက် တစ်နာရီကြာမှ သေနတ်သမား စတီဖင် ပက်ဒေါ့ခ်ရဲ့ ဟိုတယ်ခန်းထဲကို ဝင်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ကိုယ်တိုင် ကြုံတွေ့ ခံစားရသူတွေရဲ့ ပြန်ပြောင်း ပြောပြချက်တွေ ထပ်ပြီး ထွက်ပေါ် လာသလို အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့်ကို ထိန်းချုပ်သင့် မသင့်ဆိုတဲ့ ကိစ္စကလည်း ငြင်းခုံ ဆွေးနွေးစရာ ထပ်ဖြစ် လာစေပါတယ်။