ကယ်လီဖိုးနီးယားတောမီး ဆက်လောင်ကျွမ်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကယ်လီဖိုးနီးယားတောမီး ဆက်လောင်ကျွမ်း

ကယ်လီဖိုးနီးယားပြည်နယ်ထဲက တောမီးကြောင့် အခုဆိုရင် လူအနည်းဆုံး ၂၃ ဦး သေဆုံးပြီး လူ ရာနဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အခုအခါ ရာနဲ့ချီတဲ့ မီးသတ်ကားတွေလည်း မီးငြိမ်း သတ်နေပေမယ့် မီးလောင်နေတဲ့အချိန်မှာ လေကလည်းတိုက်တဲ့အတွက် မီးငြိမ်းသတ်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဆန်တာ ရိုဆာမြို့မှာဆိုရင် မီးက ကမ္ဘာဖျက်မီးလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ကိုအောင်သွင်က ဆက်ပြောပြမှာပါ။