ကာ့ဒ်တွေလက်ထဲက နောက်တစ်မြို့ ထပ်သိမ်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကာ့ဒ်တွေလက်ထဲက နောက်တစ်မြို့ ထပ်သိမ်း

အီရတ်နိုင်ငံမှာ ကာ့ဒ်တပ်တွေ သိမ်းပိုက်ထားခဲ့တဲ့ ကာကွတ် ရေနံမြို့ကို အီရတ်အစိုးရ တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့အပြီး နာရီပိုင်း အကြာမှာပဲ နိုင်ငံမြောက်ပိုင်းက ကာ့ဒ်စ်တွေ အခိုင်အမာတပ်စွဲထားတဲ့ ဆင်ဂျားမြို့ကိုလည်း အီရတ်အစိုးရကိုထောက်ခံတဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုက သိမ်းယူခဲ့ပါတယ်။ ကာကွတ်မြို့မှာတော့ ဒီနေ့ အခြေအနေက တည်ငြိမ်နေပါတယ်။ ဆင်ဂျားမြို့မှာလည်း ပက်ရှ်မာဂါ ကာ့ဒ်တပ်ဖွဲ့က ဆုတ်ခွာခဲ့တဲ့အတွက် တိုက်ပွဲမဖြစ်ခဲ့ပါဘူး။ ကာ့ဒ်တပ်တွေကနေ အိုက်အက်စ်လက်ထဲကနေ သိမ်းယူခဲ့တဲ့ နေရာတွေကို အခုအခါ အီရတ်တပ်တွေကို ပြန်သိမ်းတာဟာ ကာဒစ်စတန် ဒေသမှာ အငြင်းပွားဖွယ်ရာ ဆန္ဒခံယူပွဲကျင်းပခဲ့ပြီးနောက် ဖြစ်လာခဲ့တာပါ။ မသီဒါနွယ်က ဆက်ပြောပြထားပါတယ်။