မြည်းတွေ ရှားပါးလာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြည်းတွေ ရှားပါးလာ

ကမ္ဘာ့နေရာတချို့မှာဆိုရင် လုပ်ငန်းခွင်မှာ သုံးဖို့ မြည်းတွေဟာ အရေးကြီးတဲ့ တိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ မြည်းအကောင် အရေအတွက်က လျော့နည်းလာနေပါတယ်။ အကြောင်းကတော့ မြည်းရဲ့ သားရေကို ယူပြီး တိုင်းရင်းဆေး ဖော်တဲ့အတွက် ဖြစ်ပါတယ်။ ဗြိတိန်က မြည်းဘေးမဲ့ ဆိုတဲ့ ပရဟိတအဖွဲ့တစ်ခုကတော့ စနစ်တကျ စည်းမျဉ်းဥပဒေတွေ မရှိသေးခင်မှာ မြည်းတွေ အရောင်းအဝယ် ကို ဆိုင်းငံထားဖို့ တိုက်တွန်းနေပါတယ်။ ဒီအကြောင်း ဦးဘမော်က ဆက် ပြောပြမှာပါ။