ပညာရှင်တယောက်ကို အစိုးရက တော်ဝင် ဘုရင်စနစ်ကို စော်ကားမှု စွဲချက် တင
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ အိမ်ရှေ့မင်းကို ထိုင်းစီးချင်းထိုးတဲ့ သမိုင်းအမြင်ကွဲ

ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၄ဝဝ ကျော်က ဖြစ်ခဲ့တဲ့ စစ်ပွဲအကြောင်း ဖော်ပြချက် အပေါ် မေးခွန်း ထုတ်ခဲ့တဲ့ ပညာရှင်တယောက်ကို အစိုးရက တော်ဝင် ဘုရင်စနစ်ကို စော်ကားမှု စွဲချက် တင်လိုက်ပါတယ်။

အဲဒီ စစ်ပွဲမှာ ထိုင်းဘုရင် နရစွမ် ခေါ် ဗြနရာဇ်က ဆင်စီး စီးချင်းထိုးရင်း မြန်မာ အိမ်ရှေ့မင်းသား မင်းကြီးစွာကို အနိုင်ယူခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်ဟာ သမိုင်း ကြောင်းအရ ဘယ်လောက် တိကျ မှန်ကန်သလဲဆိုတာ မေးခွန်း ထုတ်ဖို့ Sulak Sivaraksa ဆိုသူက တက္ကသိုလ် ဟောပြောပွဲ တခုမှာ ပြောကြား ခဲ့ပါတယ်။

ဒီတိုက်ပွဲဟာ ထိုင်းသမိုင်းမှာ ဘယ်လောက် အရေးကြီးလို့ ဒီလို တရားစွဲတာလဲ ထိုင်း မြန်မာ ဆက်ဆံရေး ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး ချူလာလောင်ကွန် တက္ကသိုလ်မှာ သုတေသီအဖြစ် ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ တင်မောင်ကြည်ကို မေးကြည့်ပါတယ်။

Image caption ဦးကုလား ရာဇဝင်က ထိုင်းသမိုင်းတွေထက်စော

ဒေါက်တာ တင်မောင်ကြည်က မြန်မာ သမိုင်း အထောက်အထား အများစုဟာ အယုဒ္ဓယ မြို့ မပျက်ခင် ညောင်ရမ်းခေတ်က စပြီး ရေးခဲ့တာတွေမို့ မြန်မာဘက်က ပိုပြီး အထောက်အထား ခိုင်လုံတယ်လို့ ဆိုပါတယ်။

အဓိက ကွဲလွဲတာက မြန်မာ အိမ်ရှေ့စံကို ထိုင်းဘက်က ဘယ်လို စီးချင်းထိုး သတ်ဖြတ်ခဲ့တယ် ဆိုတာပါ။

ခရစ် ၁၅၉၃ ခုနှစ်က ဒီတိုက်ပွဲ ဖြစ်နေတဲ့ နေ့ကို ဇန်နဝါရီ ၁၈ လို့ ထိုင်းဘက်က လက်ခံပြီး ထိုင်းဘုရင့် တပ်မတော်နေ့ အဖြစ် ဆင်နွှဲ ကျင်းပနေပါတယ်။