နိုင်ငံ ချမ်းသာပေမယ့် ကျန်းမာရေးစနစ် ညံ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ငံ ချမ်းသာပေမယ့် ကျန်းမာရေးစနစ် ညံ့

အာဖရိက တောင်ပိုင်းက အင်ဂိုလာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်က ကမ္ဘာ့အဆိုးရွားဆုံး စနစ်တွေထဲမှာ ပါပါတယ်။ ဒါပေမယ့် ဒီနိုင်ငံက ရေနံထွက်တာကြောင့် လူတွေရဲ့ ဝင်ငွေက အတော်အသင့် ကောင်းကြသလို ဒီနိုင်ငံမှာ အာဖရိကရဲ့ အချမ်းသာဆုံး အမျိုးသမီးလည်း ရှိနေပါတယ်။ ဒီလို ဝင်ငွေကောင်းပေမယ့် ကလေး သေဆုံးမှုနှုန်းက ကမ္ဘာမှာ အမြင့်ဆုံးထဲမှာ ပါဝင်ပြီး လူတွေရဲ့ သက်တမ်းကလည်း ၅၁ နှစ်ပဲ ရှိပါတယ်။ အစိုးရဘက်ကတော့ အခမဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ ကတိပြုထားတာ ကြာပါပြီ။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဒီအကြောင်း ကိုမင်းထက်က ပြောပြထားပါတယ်။