တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ စတင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ စတင်

တရုတ်နိုင်ငံကို လာမယ့် နှစ် ၅၀ အတွင်း စစ်ရေးမှာရော နိုင်ငံရေးမှာပါ မဟာအင်အားကြီးနိုင်ငံဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို တရုတ်သမ္မတ ရှီဂျင်ပင်းက ပြောပါတယ်။ ၅ နှစ်တကြိမ်ကျင်းပတဲ့ ဘေကျင်းက တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်မှာ မစ္စတာ ရှီက တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံစံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရွေးချယ်စရာ နည်းလမ်းသစ်တခု ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီမှာ ပါတီဝင် သန်း ၉၀ ရှိနေပြီး ပါတီအပေါ် ယုံကြည်မှုတွေ တိုးပွားလာနေတယ်လို့ ဆိုပါတယ်။ ဦးဘမော်က ပြောပြထားပါတယ်။