ဟိုတယ် မီးလောင်မှုကြီး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟိုတယ် မီးလောင်မှုကြီး

ရန်ကုန်မြို့၊ ကန်တော်ကြီးစောင်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ဟာ ဒီကနေ့မနက် ၃ နာရီ ဝန်းကျင်လောက်က မီးအကြီးအကျယ် လောင်ကျွမ်း ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးပျက်စီးမှုတွေများပြီး လူ တစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိပါတယ်။ ဒါဟာ အခု နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်က မင်္ဂလာဈေး ဒုတိယအကြိမ် မီးလောင်မှု ပြီးရင် အကြီးဆုံးလို့ မီးငြှိမ်းသတ်မှုမှာ ပါဝင်တဲ့ မီးသတ် ဝန်ထမ်းတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ အခင်းဖြစ်ရာနေရာကို သွားရောက်သတင်း ယူခဲ့တဲ့ ဘီဘီစီအကြီးတန်းသတင်းထောက် ကိုစောရန်နိုင်က အခုလို သတင်းပေးပို့ထားပါတယ်။