ဒုက္ခသည်တွေကို အမြန်နေရာချဖို့ UN ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒုက္ခသည်တွေကို အမြန်နေရာချဖို့ UN ပြော

သြဂုတ်လ ၂၅ ရက်က ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာပြည်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက်က ဘင်္ဂလားဒေ့ရှ်ဘက်မှာ ၅ သိန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ တချိန်တည်းမှာပဲ လတ်တလော ထွက်လာတဲ့ ဒုက္ခသည် ထောင်ဂဏန်းလည်း နယ်စပ်မှာ သောင်တင်နေပါတယ်။ ဒီဒုက္ခသည်တွေကို အမြန်နေရာချပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလသမဂ္ဂက တိုက်တွန်းနေပါတယ်။ ဘီဘီစီသတင်းထောက် ကလိုက်ဖ် မိုင်ရီက သတင်းပေးပို့ထားပါတယ်။