ဒုက္ခသည်ကလေးငယ်တွေ အဟာရချို့တဲ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒုက္ခသည်ကလေးငယ်တွေ အဟာရချို့တဲ့

မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်လာတဲ့ ဒုက္ခသည်ကလေးငယ်တွေဟာ အစာအစားနဲ့ သန့်ရှင်းတဲ့ ရေပြတ်လတ်နေသလို ရောဂါဒဏ်နဲ့ အနိုင်ကျင့်ရောင်းစားခံရနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေတယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅ သိန်းကျော်မှာ တစ်ဝက်ကျော်လောက်က ကလေးတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ရောက်လာတဲ့ ကလေးတွေမှာ အများအပြားက အဟာရချို့တဲ့ပြီး သေလုမြောပါး ဖြစ်နေကြပါတယ်။ ဘီဘီစီ သတင်းထောက် ကလိုက်ဖ် မိုင်ရီရဲ့ သတင်းလွှာကို ကိုအောင်သွင်က ပြောပြထားပါတယ်။