ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် သေဆုံးသူ ပိုများလာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် သေဆုံးသူ ပိုများလာ

ကမ္ဘာပေါ်မှာ ရောဂါကြောင့် သေဆုံးရသူ ၆ ယောက်မှာ တစ်ယောက်နှုန်းက ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် သေဆုံးကြရတာ ဖြစ်ပါတယ်။ ဒီနှုန်းဟာဆိုရင် အေအိုင်ဒီအက်စ်ရောဂါ၊ တီဘီအဆုတ်နာရောဂါ နဲ့ ငှက်ဖျား ရောဂါ သုံးခု ပေါင်းကြောင့် သေဆုံးရသူတွေထက် ပိုများပါတယ်။ လေထုညစ်ညမ်းမှုကြောင့် နှလုံးရောဂါ၊ လေဖြတ်ရောဂါ နဲ့ အဆုတ်ကင်ဆာ စတဲ့ ရောဂါဖြစ်ပွားမှုနှုန်းက ပိုဖြစ်လာနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တစ်ခုကို လန်းဆက် ဆေးသိပ္ပံဂျာနယ်က ဖော်ပြလိုက်ပါတယ်။ တချို့အာရှနိုင်ငံတွေဆိုရင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် သေဆုံးမှုနှုန်းက အမြင့်မားဆုံးထဲမှာ ပါပါတယ်။ ဒီအကြောင်း ကိုရင်မောင်က ပြောပြထားပါတယ်။