လြတ္လပ္အေတြး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

နားဆင်နိုင်ပါပြီ ဘာသာပေါင်းစုံ ဆုတောင်းပွဲအကြောင်း...

ဦးဆောင်ဆွေးနွေးသူများ

- ကိုနေဘုန်းလတ် ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်

- ကိုအောင်သူငြိမ်း - မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ အဖွဲ့ သင်တန်း ဒါရိုက်တာ

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ဒေသမှ ဩဂုတ်လက ဖြစ်ခဲတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ နောက်ပိုင်း နိုင်ငံ တကာ စာမျက်နှာ အထိပါ ရောက်ရှိခဲ့တဲ့ ဒီ ရခိုင် အရေး နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ တဝန်း ဘာသာပေါင်းစုံ ဆုတောင်း ပွဲတွေ ကျင်းပ လာခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ဆုတောင်းပွဲ တွေဟာ မြန်မာ နိုင်ငံ အတွင်း ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေနိုင်ရေး ကို တကယ်ပဲ တည်ဆောက် နိုင်မလား။ နိုင်ငံတော် ငြိမ်းချမ်းရေး အတွက် ကိုရော ဘယ်လောက် အထိ အထောက် အကူ ဖြစ်နိုင် မလဲ ဆိုတာ....

သောတရှင်တို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ဝင်ရောက် ဆွေးနွေးသူ အားလုံးကို အထူး ကျေးဇူး တင်ရှိ ပါတယ်။

#လွတ်လပ်အတွေး

#ဘီဘီစီမြန်မာပိုင်း