အမေရိကန် တပ်ကြပ်ကြီးအမှု စီရင်တော့မယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် တပ်ကြပ်ကြီးအမှု စီရင်တော့မယ်

အမေရိကန် တပ်ကြပ်ကြီးဟောင်း ဘို ဘာ့ဂ်ဒေါနဲ့ ပတ်သက်ပြီး အမေရိကန် စစ်ခုံရုံးက ကြားနာစစ်ဆေးနေပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်တုန်းက အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျစဉ် ထပ်ထဲကနေ ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်သွားပြီးနောက် တာလီဘန်တွေရဲ့ ဖမ်းဆီးမှု ခံခဲ့ရပါတယ်။ သူဟာ တာလီဘန် လက်ထဲမှာ ၅ နှစ်ကြာ နေခဲ့ရပြီးနောက် နောက်ပိုင်း အကျဉ်းသားလဲလှယ်တဲ့အစီအစဉ်နဲ့အတူ လွတ်မြောက်လာခဲ့တာပါ။ သူဟာ တပ်ထဲက ထွက်ပြေးတာနဲ့ သူ့ရဲ့ လွဲမှားတဲ့ အပြုအမူနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်ကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီစစ်ခုံရုံး ကြားနာမှုအကြောင်း ကိုအောင်သွင်က ပြောပြထားပါတယ်။