မြွေဆိပ်ဖြေဆေးလိုနေတဲ့ နိုင်ဂျီးရီးယား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြွေဆိပ်ဖြေဆေးလိုနေတဲ့ နိုင်ဂျီးရီးယား

ကမ္ဘာမှာ တစ်နှစ်တစ်နှစ်ကို လူ ၅ သန်းလောက်က မြွေကိုက်ခံရတယ်လို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။ တချို့မြွေကိုက်ဒဏ်ရာတွေက ဆေးမမီရင် သေတောင် သေနိုင်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ ဂွမ်ဘီပြည်နယ်မှာဆိုရင် မြွေကိုက်ခံရတာ ပိုများလာပါတယ်။ ဒါပေမယ့် မြွေဆေးကတော့ ရဖို့ ခက်နေပါတယ်။ ဒီအကြောင်း ကိုသက်ထွေးနိုင်က ပြောပြထားပါတယ်။