ဘင်္ဂလားဒေ့ရှ်ဘက် ဒုက္ခသည် စခန်းက အခြေအနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘင်္ဂလားဒေ့ရှ်ဘက် ဒုက္ခသည် စခန်းက အခြေအနေ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ မွတ်ဆလင်တွေအပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်က ကန့်သတ် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

မြန်မာ တပ်မတော်နဲ့ စစ်အရာရှိတွေကို စစ်ရေး အကူအညီပေးနေမှုတွေကို အမေရိကန် အစိုးရက ပြန်လည် ရုတ်သိမ်းတော့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ မြန်မာပြည်မှာရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာအစိုးရအဆင့်မြင့်အရာရှိတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာမွတ် ဆလင်ဒုက္ခသည်ကို ပြန်လက်ခံရေးနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ရာမှာ ပြီးခဲ့တဲ့ ၂ လအတွင်း ထွက်ပြေးခဲ့သူတွေကို ပြန်ခေါ်ဖို့ ၂ ဘက် သဘောတူခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် ဘက်ကပြောပါတယ်။

ဒီလိုပြန်ခေါ်ဖို့ ပူးတွဲကော်မီတီတရပ်ဖွဲ့စည်းမယ်လို့ ဆိုပါတယ်။ နောက် အာဆာ အဖွဲ့နဲ့ သက်ဆိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အချက်အလက်တွေနဲ့ မျှဝေဖို့ မြန်မာဘက်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့ဆီမှာ ဒုက္ခသည်ဟာ တသန်းလောက် ရှိနေတယ်လို့ ပြောလာပါတယ်။ အဲဒီက ဒုက္ခသည်စခန်းက အခြေအနေတွေကို အကြောင်း ဘီဘီစီသတင်းထောက် ကလိုက်ဖ် မိုင်ယာရဲ့ သတင်းကို ကိုအောင်သွင်က က ပြောပြမှာပါ။