ဘယ်လာရုစ်က တကြော့ပြန် ဒိုင်နိုဆောများ
ဘယ်လာရုစ်က တကြော့ပြန် ဒိုင်နိုဆောများ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းလောက်ကဒိုင်နိုဆော သတ္တဝါကြီးတွေဟာ ကမ္ဘာမြေပေါ်ကနေ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ သူတို့ကို တကြော့ပြန်မြင်လာရဦးမှာပါ။ ဘယ်လာရုစ်က မြို့တွေရဲ့လမ်းတွေပေါ်မှာ မင့်စ်ခ်မြို့အခြေစိုက် အရှေ့ဥရောပ ကုမ္ပဏီက ဆီလီကွန်နဲ့ ပုံဖော်ထားတဲ့ အရုပ်ကြီးတွေကို ချထားတော့မှာပါ။
ဒီလိုလုပ်ဖို့ သူတို့ ၂၅ နှစ်လောက်ကြိုးစားခဲ့ရသလို သူတို့လက်ရာတွေဟာလည်း ဟောလီးဝုဒ် ရုပ်ရှင်တွေထဲမှာတောင် သုံးခဲ့တဲ့ အထိ နေရာ ရခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဦးဘမော်က ပြောပြမှာပါ။