တရုတ်အနာဂတ်နဲ့ အမျိုးသမီး အခန်းကဏ္ဍ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်အနာဂတ်နဲ့ အမျိုးသမီး အခန်းကဏ္ဍ

တရုတ် ကွန်မြူနစ်ပါတီက ရှီကျင်ပင်းရဲ့ အမည်နဲ့ အတွေးအခေါ်တွေကို ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွေထဲမှာ ထည့်သွင်း သွားမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် သူဟာ မော်စီတုန်းတို့ရဲ့အဆင့်မျိုးအထိ ရောက်လာတော့မှာဖြစ်ပါတယ်။

သမ္မတ ရှီကလည်း ပါတီတွင်းပိုမို စည်းကမ်း တင်းကျပ်သွားမှာဖြစ်သလို ပိုမို ခိုင်မာ တောင့်တင်းစီးပွားကောင်းတဲ့ တရုတ်ဖြစ်လာစေမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အရင် မော်စီတုန်းလက်ထက်ကတော့ အမျိုးသမီးတွေဟာ ကောင်းကင်ကြီးရဲ့ ထက်ဝက်ကို ချုပ်ကိုင်ထားတယ်ဆိုပြီး နေရာ ပေးတာမျိုး ရှိခဲ့ပေမယ့်

သမ္မတရှီရဲ့ အစီအစဉ်တွေထဲမှာတော့ အမျိုးသမီးတွေ သိပ်ပြီး ပါဝင်မယ့် သဘောတော့ မတွေ့ရပါဘူး။ မစိုးစိုးထွန်းက ပြောပြမှာပါ။