ဝေဖန်ခံရတဲ့ နီပေါရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းမှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဝေဖန်ခံရတဲ့ နီပေါရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းမှု

လွန်ခဲ့တဲ့ ၂နှစ် ခွဲတုန်းက နီပေါမှာ ငလျင် လှုပ်ခဲ့ ပြီး နောက်ပိုင်း နိုင်ငံထဲ က ကမ္ဘာ့ ရှေးဟောင်း အမွေ အနှစ် အဆောက် အအုံတွေ ပြင်ဆင် ထိန်းသိမ်းတာမှာ တိုးတက်မှု အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်းရေး အဖွဲ့ ယူနက်စ်ကိုကလည်း ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်တာမှာ အရည်သွေးမမှီတဲ့ ပစ္စည်းတွေနဲ့ အဆင့်နိမ့်တဲ့ နည်းပညာ အသုံးပြုခဲ့တယ်လို့ နီပေါအစိုးရကို ဝေဖန်ခဲ့ပါတယ်။

ဒီပြင်ဆင်တဲ့လုပ်ငန်းတွေ မတိုးတက်လာရင် အန္တရယ်ရှိတဲ့ အဆောက် အအုံ စာရင်းထဲကို နောက်နှစ်မှာ သွင်းပစ်မယ်လို့ ပြောခဲ့ပါတယ်။ ဒီဘုရားတန်ဆောင်းတွေက ခရီးသွား လုပ်ငန်း တွေကို စွဲဆောင်နိုင်ရုံမက နီပေါရဲ့ ယဉ်ကျေး မှု အမှတ် လက္ခဏာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း ခတ္တမန္ဒူ မြို့က သတင်းပေးပို့ထားတာကို ကိုမိုးမြင့်က ပြန်ပြောပြ ပေးမှာပါ။