နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော ဈာပန မြင်ကွင်းစုံ

ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ရဲ့ ဈာပန အခမ်းအနားကို ဘန်ကောက်မြို့တော်မှာ ၅ ရက်ကြာ ကျင်းပနေရာမှာ သိန်းနဲ့ချီတဲ့ လူထုပရိသတ်ဟာ ဝမ်းနည်းပူဆွေးမှု အပြည့်နဲ့ တက်ရောက်နေကြပါတယ်။

ထိုင်းနိုင်ငံ အနှံ့အပြားက တိုင်းသူပြည်သားတွေ ဘုရင်ကြီးကို နောက်ဆုံး ဂါရဝပြုကြ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ထိုင်းနိုင်ငံ အနှံ့အပြားက တိုင်းသူပြည်သားတွေ ဘုရင်ကြီးကို နောက်ဆုံး ဂါရဝပြုကြ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကြာသပတေးနေ့ (ဒီနေ့) ဟာ ဈာပန အခမ်းအနားရဲ့ အဓိက ရက်ဖြစ်ပါတယ်။ ဘုရင့်ပြာ ထည့်မယ့် တော်ဝင် အရိုးအိုးတော်ကို နန်းတော်ထဲကနေ သယ်ဆောင်လာခဲ့ကြ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ သက်တော် ၈၈ နှစ် အရွယ်မှာ နတ်ရွာစံသွားခဲ့တဲ့ ဘုရင်ကြီး အတွက် အောက်မေ့ဖွယ် အဖြစ် ၁ နှစ် တာ ထားရှိခဲ့ပြီးနောက်မှာ အောက်တိုဘာလ ၂၆ ရက်၊ ကြာသပတေးနေ့ မှာတော့ ဘုရင်ကြီး ဘူမိဘောရဲ့ ရုပ်အလောင်းတော်ကို မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ သားတော် မဟာဝပ်ချီရာလောင်ကွန် ဘုရင်က ဈာပနာ အခမ်းအနားမှာ ဖယောင်းတိုင် ထွန်းညှိ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ပူဆွေးသောကရောက်နေတဲ့ နိုင်ငံတဝှမ်းက ပြည်သူ အများအပြားဟာ ဘုရင့် ရုပ်ကလာပ်တော် သယ်ဆောင်မယ့် လမ်းကြောင်းရဲ့ အနီးအနားမှာ နေရာ ရနိုင်ဖို့ အတွက် မြို့တော်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရောက်ရှိနေခဲ့ကြ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အရိုးအိုးတော်ကို နန်းတော်ကနေ မီးသင်္ဂြိုဟ်မယ့်နေရာအထိ ယာဉ်တော်နဲ့ သယ်ဆောင်သွားခဲ့ကြ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ဘုရင်ကြီးရဲ့ ဈာပန အခမ်းအနားကို ၁ နှစ် နီးပါးကြာအောင် ပြင်ဆင်ခဲ့ကြ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လူထုဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အနက်ရောင်ကိုသာ ဝတ်ဆင်ကြသလို မြို့လယ်ခေါင်က အဆောက်အအုံ အများအပြားကိုလည်း ပန်းတွေနဲ့ လွှမ်းခြုံထားကြ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

ကြာသပတေးနေ့ ညနေပိုင်းမှာတော့ ဘုရင်ကြီးရဲ့ လောင်တိုက်စင်တော်ကို သားတော်ဖြစ်သူ မဟာဝပ်ချီရာလောင်ကွန် ဘုရင်က စတင် မီးရှို့မှာပါ။

ဓာတ်ပုံ ပုံစာ,

မီးသင်္ဂြိုဟ်မယ့် လောင်တိုက်စင်တော်ကို ရှေး ဒဏ္ဍာရီထဲက သတ္တဝါတွေနဲ့ မင်္ဂလာ ရှိတယ်လို့ ရိုးရာ အရ ယူဆကြတဲ့ ဆင်၊ ခြေင်္သ့ ရုပ်ပုံတွေနဲ့ တန်ဆာဆင်ထား။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ထိုင်းနိုင်ငံမှာ စဉ်ဆက်မပြတ် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စစ်အာဏာသိမ်းမှုတွေကြား ဘုရင်ကြီး ဘူမိဘောကို နိုင်ငံ တည်ငြိမ်အေးချမ်းအောင် စွမ်းဆောင်နိုင်သူ ပြယုဂ် အဖြစ် ရှုမြင်ခဲ့ကြ။