ကာတာလန် ခေါင်းဆောင်ပိုင်းကို အရေးယူဖို့ စပိန်ရှေ့နေချုပ်ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကာတာလန် ခေါင်းဆောင်ပိုင်းကို အရေးယူဖို့ စပိန်ရှေ့နေချုပ်ပြော

စပိန်ရှေ့နေချုပ်က ထုတ်ပယ်ခံရတဲ့ ကာတာလန် သမ္မတ ကာလက်စ် ပုချ်ဒမွန့် နဲ့ တခြား ကာတာလန် ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက လွတ်လပ်ရေး ကြေညာခဲ့မှုနဲ့ ပတ်သက်လို့ ရာဇဝတ်မှုနဲ့အရေးယူသွားဖို့ တောင်းဆိုလိုက်ပါတယ်။ စပိန်ရဲ့ တရားရေး စနစ်အရ ဒီလို တောင်းဆိုခဲ့ရင် တရားသူကြီးဘက်က စဉ်းစားပေးရမှာဖြစ်ပါတယ်။

မနေ့ကလည်း ဘာစီလိုနာမှာ လွတ်လပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးတခုကို ကျင်းပခဲ့ကြပါတယ်။ ဒီနေ့လည်း အစိုးရဌာနတွေကို မဒရစ် အစိုးရက တိုက်ရိုက် အုပ်ချုပ်မှုကို စလိုက်ပါတယ်။ ကက်တလန်ဒေသခေါင်းဆောင် ကားလက်စ် ပုချ်ဒမွန့်ကတော့ ဘယ်လ်ဂျီယံနိုင်ငံကို ရောက်နေပြီလို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် အရင်နေ့တွေကတော့ သူဟာ သူ့ဇာတိမြို့ကို ရောက်နေခဲ့တာပါ။

မသီဒါနွယ်က ဆက် ပြောပြမှာပါ။