သမ္မတထရမ့်ရဲ့ မဲဆွယ်အဖွဲ့ဝင်တွေ အရေးယူခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတထရမ့်ရဲ့ မဲဆွယ်အဖွဲ့ဝင်တွေ အရေးယူခံရ

ပြီးခဲ့တဲ့ နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲကာလအတွင်းမှာ အမေရိကန်ပြည်သူ ၁၂၆ သန်းလောက်ဟာ ရုရှားတွေက ထောက်ပံ့ကူညီပေးထားတဲ့ ဝါဒ ဖြန့်ချီမှုတွေနဲ့ ထိတွေ့ ခဲ့ကြလိမ့်မယ်လို့ ဖေ့စ်ဘုခ်က ပြောပါတယ်။

အဲဒီ သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း ရုရှားရဲ့ခြေရှုပ်မှုတွေနဲ့ ပတ်သက်လို့ အင်တာနက် ကုမ္ပဏီတွေကိုပါ ကွန်ဂရက်လွှတ်တော်မှာ ထွက်ဆို ဖို့ ညွှန်ကြားခဲ့တဲ့နောက်မှာ အခုလို အချက်အလက်သစ်တွေ ထွက်လာတာပဲ ဖြစ်ပါတယ်။

သမ္မတ အိမ်ဖြူတော်ကတော့ သမ္မတ ထရမ့်ရဲ့မဲဆွယ် အဖွဲ့ဝင်ဟောင်းတွေထဲက လူတွေ အရေးယူခံရပေမယ့် သမ္မတ ထရမ့်အပေါ်မှာ ဘာမှ ထိခိုက်မှု မရှိတဲ့အကြောင်းပြောပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။