အမေရိကန်မှာ အရွယ်မရောက်ဘဲ အိမ်ထောင်ချမှုတွေရှိ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်မှာ အရွယ်မရောက်ဘဲ အိမ်ထောင်ချမှုတွေရှိ

အရွယ်မရောက်ခင် အိမ်ထောင်ချထားမှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပဲ အဖြစ်များတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ပြည်နယ်၅၀ ရှိတဲ့အထဲက ၂၅ ပြည်နယ်မှာ အနည်းဆုံး အသက် ဘယ်လောက် ရှိမှ အိမ်ထောင်ပြုနိုင်တယ်ဆိုတဲ့ ဥပဒေမျိုး မရှိပါဘူး။

အဲဒါကြောင့်လည်း မိန်းကလေးငယ်ပေါင်း ထောင်ပေါင်းများစွာဟာ နှစ်စဉ် အိမ်ထောင်ပြု နေကြတယ်လို့ ယူဆနေကြပြီး အဲဒီထဲက တချို့ဟာ ဆယ်ကျော်သက်အရွယ်တောင် မရောက်သေးဘူးလို့ ခန့်မှန်းကြပါတယ်။

ကိုသက်ထွေးနိုင်က ပြောပြမှာပါ။